Depart Of Higher Education Latest News အောက်ခြေဝင်ပေါက်ရာထူးများခေါ်ယူခြင်း

အောက်ခြေဝင်ပေါက်ရာထူးများခေါ်ယူခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
နေပြည်တော် 

လျှောက်လွှာခေါ်ယူခြင်း

၁။      ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရုံးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများ၌ လျှောက်ထားလို သူများသည် လျှောက်လွှာပုံစံကို www.moe.gov.mm နှင့် www.dhe.gov.mm တို့တွင် Download ရယူ၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရုံးချုပ်နှင့် နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် အခမဲ့ရယူ၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။၊

 

ရာထူး

လစာနှုန်း

လစ်လပ် နေရာ

(က)

အငယ်တန်းစာရေး

၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀

၄၀၀

(ခ)

စာရင်းကိုင်(၄)

၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀

၂၅၀

(ဂ)

ဒု-လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး

၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀

၂၅၀

(ဃ)

ဓာတ်ခွဲခန်းကျွမ်းကျင်(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

၃၅၀

(င)

စာကြည့်တိုက်လ/ထ(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

၅၀

(စ)

ယာဉ်မောင်း(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

၁၀၀

(ဆ)

ရုံးအကူ

၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀

၁၀၀

။ လျှောက်ထားသူသည်-

(က) တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့်ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။

(ခ) နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံ သန်စွမ်းသူဖြစ်ရမည်။

(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် အသက် ၄၀ နှစ်ထက် မကျော်လွန်သူ၊ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် ၃၅ နှစ်ထက်
မကျော်လွန်သူ ဖြစ်ရမည်။

(င) အမှတ်စဉ် ၁။ (က)၊ (ခ)၊ (ဃ)၊ (င)နှင့် (ဆ)တို့သည် ဘွဲ့တစ်ခုခုရရှိသူ(သို့မဟုတ်) တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။ အမှတ်စဉ် ၁။ (ဂ)သည် ဘွဲ့တစ်ခုခု ရရှိသူ(သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ပြီး ကွန်ပျူတာ အခြေခံ သင်တန်းဆင်း လက်မှတ် ရရှိပြီးသူဖြစ်ရမည်။
အမှတ်စဉ် ၁။(စ)သည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိသူ(သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ပြီးယာဉ်မောင်း လိုင်စင် (ခ) ရရှိ ပြီးသူဖြစ်ရ မည်။

(စ) အနည်းဆုံး လုပ်သက်(၃)နှစ်တိတိ တာဝန်ထမ်းဆောင်ရမည်။ အကြောင်းအမျိုးမျိုး ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပါက လျော်ကြေးငွေ ကျပ် ၅၀၀၀၀၀/- (ငါးသိန်းတိတိ)ကို ပေးလျော်ရမည်။

(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့် မရှိပါ။

၃။ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်း များသည် အထက်ဖော်ပြပါရာထူးများတွင် တာဝန်ထမ်းဆောင်လိုပါက မိမိတာဝန် ထမ်းဆောင်နေ သည့် သက်ဆိုင်ရာဦးစီးဌာနများမှ ခွင့်ပြုချက်ရယူပြီး နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများသို့ တိုက်ရိုက်လျှောက်ထား၍ စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်သည်။

၄။ အခြားဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီမှု ရှိပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူ၍ နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများသို့ တိုက်ရိုက်လျှောက်ထား၍ စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်သည်။

၅။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

(က) လိုင်စင်ဓါတ်ပုံ (၂)ပုံ

(ခ) ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်/ ထောက်ခံစာမိတ္တူနှင့် အသက် အထောက်အထားအတွက် အခြေခံပညာအထက်တန်း/ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ(လူတွေ့စစ်ဆေးခံယူမည့်အချိန်တွင် တိုက်ဆိုင် စစ်ဆေးရန် ဖော်ပြပါ အထောက်အထား(မူရင်း)များ တစ်ပါတည်း ယူဆောင်လာရန်ဖြစ်သည်။)

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဃ) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း

(င) အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ

(စ) (၁)လအတွင်း ရယူထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းတို့မှ ထောက်ခံစာ မူရင်း

၆။ လျှောက်လွှာများကို (၃၁-၁၂-၂၀၂၃)ရက်နေ့ (ဗုဒ္ဓဟူးနေ့)နောက်ဆုံးထား၍ လူကိုယ်တိုင် ဖြစ်စေ၊ အမြန်ချောပို့ဖြင့်ဖြစ်စေ နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများသို့ ပေးပို့ လျှောက်ထားနိုင်သည်။ သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော လျှောက်လွှာများ၊ အချက် အလက် စာရွက်စာတမ်း မပြည့်စုံသည့်လျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့်မကိုက်ညီသည့် လျှောက်လွှာများကို (လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၇။ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် လျှောက်ထားသူများသည် မိမိလျှောက်လွှာ တင်သွင်းခဲ့သည့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ရေးဖြေစာမေးပွဲဝင်ရောက်ဖြေဆိုရမည်။ ဖြေဆိုရမည့် ခုံအမှတ်နေရာကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် ကြေညာမည်ဖြစ်ပါသည်-

စဉ် ဘာသာရပ်(ရေးဖြေ) နေ့ရက်အချိန်

(က)

မြန်မာစာ (၂၀-၁-၂၀၂၄) နံနက် (၉)နာရီမှ (၁၀) နာရီထိ

(ခ)

အင်္ဂလိပ်စာ (၂၀-၁-၂၀၂၄) နံနက် (၁၀)နာရီမှ (၁၁) နာရီထိ

(ဂ)

အထွေ‌ထွေဗဟုသုတ (၂၀-၁-၂၀၂၄) နံနက် (၁၁)နာရီမှ (၁၂) နာရီထိ

၈။ ယာဉ်မောင်း(၅)ရာထူး လျှောက်ထားသူများသည် ရေးဖြေ စာမေးပွဲဝင်ရောက်ဖြေဆိုရန် မလိုအပ်ဘဲ လူတွေ့စာမေးပွဲကိုသာဖြေဆိုရမည်။ လိုအပ်ပါက ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးခြင်းခံယူရမည်။

၉။ လူတွေ့စာမေးပွဲများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများတွင် (၂၁-၁-၂၀၂၄) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။

၁၀။ သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၁၃)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း နံပါတ်- ၀၆၇-၃၄၀၇၇၃၂၊ ၀၆၇-၃၄၀၇၇၂၀ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အဆင့်မြင့်ပညာဦးစီးဌာန

လျှောက်လွှာပုံစံကို Download ရယူရန်